PJ Passport အတွက် OWIC Card သက်သာစွာ လျှောက်နည်း







PJ Passport အတွက် OWIC Card သက်သာစွာ လျှောက်နည်း

PJ Passport လက်ရှိကိုင်ဆောင်ထားသူနဲ့ နောက်ထပ်လုပ်ကြမယ့် မြန်မာနိုင်ငံသားတွေအတွက် အထောက်အကူဖြစ်အောင် တဆင့်ပြန်လည်မျှဝေရင်းနဲ့အတူ မူရင်းစာရေးသူ Kyaw Wunna ကို အထူးကျေးဇူးတင်ပါတယ်။ 🙏🙏🙏

https://www.facebook.com/groups/921211975499112/permalink/1058226448464330/

OWIC Card စပြီး လုပ်မယ့်သူများအတွက် 

ကျနော်သိသမျှ အတွေ့အကြုံကို Sharing လုပ်ပေးပါမယ်။ 

ကျနော်ကိုယ်တိုင်လည်း ဒီကတ် စလုပ်တော့ အခက်ခဲများစွာ ကြုံရ စိတ်ပူရမို့ ကိုယ်တိုင်လုပ်မယ့်သူများ အခက်ခဲမရှိ အဆင်ပြေစွာ လုပ်နိုင်ဖို့ မျှဝေပေးခြင်းပါ။ ( သိသူများ ကျော်သွားပါ ၊ မသိသေးသူများအတွက် ရည်ရွယ်ပါတယ်) 

သင်တန်းတက်ရန် လျှောက်လွှာတင်ပုံ

=========================

( ၄လပိုင်းက စပြီး သင်တန်းတက်ဖို့ နေပြည်တော်ကို လျှောက်လွှာတင် စရာမလိုဘဲ မ/ဒဂုံ ပင်လုံခန်းမ ကျောင်းအုပ်ဆရာမကြီးဆီမှာ ကိုယ်တိုင်လျှောက်လွှာတင်၍ သင်တန်းတက်ရက် ယူရပါမယ် )

လိုအပ်သည့် စာရွက်စာတမ်းများ

၁) သင်တန်းလျှောက်လွှာပုံစံ 

( အောက်တွင် ပုံဖော်ပြထား )

၂) ဓာတ်ပုံ ၁ ပုံ

၃) Passport မိတ်တူ 

၄) IPA letter

၅) Offer letter

၆) Employment Contract

၇) ပညာအရည်အချင်း စာရွက်စာတမ်း မိတ္တူ

နိုင်ငံခြားသွားဖို့ ရက်အရမ်းကပ်နေရင် ကျောင်းအုပ်ဆရာမကြီးကို အကျိုးကြောင်း ပြောပြပြီး အစောဆုံးသင်တန်းမှာ ထည့်ပေးဖို့ ပြောလို့ ရပါတယ်။ 

( ဖောင်ကြေးအဖြစ် သဒ္ဓါကြေး ထည့်ဝင်ရပါတယ်။

ကျနော်ကတော့ ၅၀၀၀ ပေးခဲ့တယ်။ တချို့သူတွေမေးကြည့်တာ ၅သောင်းပေးသူလည်း ရှိသလို/ တပြားမှမပေးဘဲ ကျေးဇူးတင်ကြောင်း ပြောသူလည်း ရှိပါတယ်။ ဘယ်လောက် ပေးရမယ်လို့ အတင်းအကြပ် မတောင်းပါ။  ကျောင်းအုပ်ဆရာမကြီးက စကားပြော ချိုသာ၍ သဘောကောင်းပါတယ် )

သင်တန်းချိန်က မနက်-၈ နာရီခွဲကနေ နေ့လည်-၂နာရီထိ ၂-ရက် တက်ရပါမယ်။  မနက်-၁၁ ခွဲမှ နေ့လည်-၁ နာရီထိ ထမင်းစား ဆင်းပါတယ်။

မနက် သင်တန်းတက်ချိန်မှာ လက်မှတ်တကြိမ်နဲ့ နေ့လည်သင်တန်းဆင်းရင် လက်မှတ်တကြိမ် စုစုပေါင်း လက်မှတ်-၂ကြိမ် ထိုးရပါမယ်။ လက်မှတ်ထိုးရင် ကိုယ့်နာမည်နဲ့ Passport နံပါတ် မှန် မမှန် သေချာစစ်ပါ။ 

အေးဂျင့်နဲ့လုပ်သူများ Passport ကို အေးဂျင့်ကသိမ်းထားရင် ဖုန်းနဲ့ ဓာတ်ပုံရိုက် သိမ်းထားပါ။ 

သင်တန်းတက်မယ့်နေ့မှာ ပေါ့ပါးချောင်ချိတဲ့ မြန်မာဝတ်စုံ ဝတ်ရပါမယ်။ 

ယောက်ကျားလေးများ ရှပ်လက်တို/ တီရှပ် နဲ့ ပုဆိုးဝတ်ဆင်နိုင်ပါတယ်။ ( ဘောင်းဘီတို / ရှည်/ စွပ်ကျယ်လက်ပြတ် မဝတ်ရပါ) 

မိန်းကလေးများ ထမီနဲ့ သင့်တော်ရာ အင်္ကျီဝတ်နိုင်ပါသည်။ ( စကပ်/ ဘောင်းဘီ/ အတိုအပြတ်များ မဝတ်ရပါ) 

ယပ်တောင် / သောက်ရေဗူး ဆောင်သွားပါ 

မီးပျက်ရင် မှောင်မဲ ပူအိုက်နေလို့။ 

သင်တန်းဆင်းလက်မှတ် ရရင် ကိုယ့်နာမည်နဲ့ Passport နံပါတ်ကို သေချာစစ်ပါ။ 

မှားတာ နောက်ကျမှ သိပြီး ပြန်လာပြင်ရင် ဒဏ်ငွေ ၅၀၀၀ ပေးရမည်ဟု ကျောင်းအုပ်ဆရာမကြီးမှ သင်တန်းတွင် ပြောပါတယ်။ 

( ကျနော့် သင်တန်းဆင်းလက်မှတ်မှာ Passport နံပါတ် မှားလို့ ပြန်ပြင်ခိုင်းတာ ပြင်ပြီးသားမှာ ထပ်မှားလို့ ၂-ခါ ပြင်ရတယ် 😁) 

နယ်အဝေးမှ သင်တန်းလာတက်သူများအတွက်

သင်တန်းခန်းမနှင့် အနီးတဝိုက်တွက် ညအိပ် ၁ ည ၃၀၀၀ ကျပ် ( Hall Type ) အဆောင်များ ငှါးပါတယ်။  သင်တန်းခန်းမရှေ့အနီးတဝိုက်တွင် အဝစား ၁၅၀၀ ကျပ် ထမင်းဆိုင်/ မိတ္တူ / Print Out ဆိုင်များ ရှိပါတယ်။ 

သင်တန်းဆင်း လက်မှတ်ရလျှင် နေပြည်တော်သို့ စာရွက်စာတမ်းပို့ရန်

===========

(လျှောက်လွှာဖောင်ပုံကို အောက်တွင် ဖော်ပြထားပါတယ်) 

လျှောက်လွှာဖောင်တွင် ပို့ရမည့် နေပြည်​တော် အလုပ်သမားဝန်ကြီးဌာန လိပ်စာ ပါ ပါတယ်။

၁) လျှောက်လွှာပုံစံ

၂) IPA letter

၃) Offer letter

၄) Employment contract

၅) Passport copy

၆) ပညာအရည်အချင်း စာရွက်စာတမ်း မိတ္တူ

၇) သင်တန်းဆင်းလက်မှတ် မိတ္တူ

( မှတ်ချက်။  ။ တချို့ကုမ္ပဏီတွေက Offer နဲ့ Contract ကို ပေါင်းရေးပြီး ပို့တတ်ပါတယ်။ 

အဲ့တာဆိုရင် ကိုယ့်ဖာသာ Offer Letter ဆိုပြီး ၁ စောင် သီးခြား ရိုက်တင်ပါ။  Contract Letter. မှာပါတဲ့

Dear Mr.xxx, 

I am pleased to inform you that ......

ကိုယ့်နာမည်/ ရာထူး/ လစာ/ Company နာမည်

( ရက်/ လ/ ခုနှစ်) မှ ( ရက်/လ/ခုနှစ်) အလုပ်ခန့်ကြောင်းကို Copy & Paste လုပ်ပြီး Contract မှာ Company နဲ့ မိမိသဘောတူကြောင်း လက်မှတ်ထိုးထားတဲ့ စာရွက်ကို ကပ်ပေးလိုက်ရုံပဲ။

ဘာဖြစ်လို့လဲဆိုတော့ တခါတလေ စာရွက်စာတမ်းစစ်သူတွေက အချက်လက်အတိုင်း စစ်တော့ Contract မှာ Offer Letter ရေးထားတာ ဂရုမစိုက်ဘူး။ စာရွက်မပြည့်စုံဆိုပြီး ပယ်တတ်လို့။ 

Passport copy / WP/ S pass/ PR card တွေမိတ္တူကူးရင် နာမည်/ နံပါတ်/ ဘားကုဒ်တွေ ထင်ရှားစွာ ရှိဖို့ သတိပြုပါ။ ဖတ်မရ/ မထင်ရှားရင် ပယ်ခံထိပါတယ်။

Royal Express အမြန်ချောပို့ခ ၂၅၀၀ကျပ်

( တချို့မြို့နယ်များတွင် ၂၇၀၀ကျပ်) 

နေပြည်တော်ကို ပို့လို့ ရောက်သွားရင် ကိုယ်ပေးထားတဲ့ ဖုန်းနံပါတ်ကို Message ပို့ပေးပါတယ်) ၁ ရက်မှ ၂ ရက်ထိ ကြာတတ်ပါတယ်။ 

နေပြည်တော်ကို ပို့ပြီးရင် Safe Migration Website မှာ နေ့စဉ် ဝင်ပြီး ကိုယ့်နာမည် ပါ မပါ စစ်ပါ။ (အောက်မှာ Link ထည့်ပေးထားပါသည်) 

ပါလာရင် အဲ့ Page ကို သိမ်းထားပါ။ ကတ်သွားထုတ်ရင် စာအမှတ်စဉ် ရက်စွဲနဲ့တိုက်စစ်တော့ ရှာရလွယ်အောင်လို့ပါ။ 

https://t.me/dolmigration

Safe Migration မှာ ကြေငြာတဲ့ စာရွက်မှာ 

ခေါင်းစဉ်ကို သေချာဖတ်ပါ။ 

ကတ်လုပ်ခွင့်ရသူများ စာရင်းနဲ့ စာရွက်စာတမ်း မပြည့်စုံလို့ ပယ်တဲ့ စာရင််းပါ။ ပယ်ခံရရင် လိုတဲ့စာရွက်ပဲ သီးသန့်မတင်ဘဲ စာရွက်စာတမ်း အပြည့်အစုံနဲ့ အသစ်တင်ပါ။ 

လိုအပ်တဲ့ စာရွက်ဘဲ ထပ်တင်ရင် ကျန်တဲ့စာရွက်တွေကို ပယ်ထားတဲ့ စာရွက်ပုံကနေ ပြန်ရှာရင် ကြာတတ်လို့ ( ပြန်ရှာပြီးတွဲပေး/ မပေး မသေချာပါ။ ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် အကြံပြုထားတာပါ)

OWIC Card သွားထုတ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ

============

၁) ကဒ်ထုတ်ဖောင်လျှောက်လွှာ

၂) ဓာတ်ပုံ ၁ ပုံ

၃) Passport မူရင်း နှင့် မိတ္တူ

၄) အလလက ပုံစံ(၂) ဆိုတာ

( သက်ဆိုင်ရာမြို့နယ်/ နီးစပ်ရာ အလုပ်သမားရုံးမှ အလုပ်သမားကတ် နိုင်ငံခြားတွင် အလုပ်လုပ်ရန် တုံးထုထား) ( ၅၀၀ ကျပ် ပေးရ) ( သင်တန်းကျောင်းနဲ့ ၁ မှတ်တိုင်ကျော်တွင် လုပ်လို့ရ - ၁၀၀၀ ကျပ်) (မှတ်ပုံတင်မူရင်းနဲ့  မိတ္တူ ၁ စောင် ယူသွားရန်)

၅)သင်တန်းဆင်းလက်မှတ် မိတ္တူ 

ကျောင်းအုပ်ဆရာမကြီး ရုံးခန်းဘေး လှေကားမှ တက်သွားရင် ဒုတိယထပ်

ပါသွားတဲ့ စာရွက်စာတမ်းနဲ့ ပိုက်ဆံ ၃၂၀၀ သွင်းပြီး

လျှောက်လွှာဖောင်မှာ ဘားကုတ်ပါ စတေကာကပ်။ 

ဘေးကအခန်းမှာ ဓာတ်ပုံရိုက်/ လက် ၁၀ ချောင်းစကင်ဖတ်/ မျက်စိစကင်ဖတ်/ E-sign ထိုး

ပြီးရင် ကပ်ရက်အခန်းမှာ Smart card ထုတ်ပြီးရင်

ပြီးပါပြီ။ 

အားလုံး အဆင်ပြေကြပါစေ။

Kyaw Wunna

Comments